နယူးဇီလန်မှာ အချိန်ပိုင်းအလုပ် ဘယ်လိုရှာမလဲ?

အချိန်ပြည့်အလုပ်အတွက် In New Zealand - NZ မှာ အလုပ်လျှောက်ဖို့ Website များ  မှာတော်တော်ပြည့်စုံစွာ တင်ဘူးပါတယ်။ ဒီစာထဲမှာတော့ ကျမသိတဲ့ အချိန်ပိုင်း အလုပ်ရှာဖို့ ကွန်ရက်‌စာမျက်နှာများ (Websites) နှင့် အတွေ့အကြုံများတွေကို ဖြည့်စွက်တင်ပေးလိုက်ပါတယ်။

ပထမအနေနဲ့ အလုပ်မရှာခင်မှာ မိတ်ဆက်စာ (Cover Letter) နဲ့ ကိုယ်ရေးမှတ်တမ်းအကျဥ်း (CV သို့မဟုတ် Resumé) ကို ပြင်ဆင်ပါ။ ဘယ်လိုရေးရမလဲဆိုတာ ဒီကိုနှိပ် ပြီးကြည့်လို့ရပါတယ်။

ဒုတိယအနေနဲ့ အလုပ်ရှာတဲ့နည်းတွေကတော့ -

၁။ တိုက်ရိုက်ဝင်ရောက်/စာရေး/ဖုန်းခေါ်မေးမြန်းခြင်း (Walk-in / Inquire)

အကယ်၍ အနီးအနားက ဆိုင်အမျိုးမျိုးမှာ အလုပ်ရှာချင်ရင်တော့ အမြန်ဆုံးက CV ကိုယူပြီး တစ်ခါတည်း အလုပ်ရှိလားလို့ သွားမေးပါ။ 

အကယ်၍ ကိုယ့်မှာ သဘောကျတဲ့ ကုမ္ပဏီ၊ အလုပ်သင်လျှောက်ချင်တဲ့ ကုမ္ပဏီရှိပါက အလုပ်မခေါ်လဲ ကုမ္ပဏီအီးမေးလ်လိပ်စာရှာပြီး စာရေးမေးပါ။  ဖုန်းခေါ်ပြီး အချိန်ပိုင်း/အလုပ်သင် အလုပ်ရနိုင်မလား၊ ဘယ်အီးမေးလ်လိပ်စာကို ပို့ပြီးမေးရမလဲလို့ လုပ်နိုင်ရင်အကောင်းဆုံးပါ။ ဒါတွေအားလုံးက ကိုယ့်မှာ ကြိုးစားလိုတဲ့စိတ်၊ အလုပ်လုပ်ချင်လိုတဲ့စိတ် (proactive) ကိုဖော်ဆောင်တဲ့ CVပါ။ ဒါပေမယ့် မိတ်ဆက်စာ နဲ့ CV ကို အကောင်းဆုံးရေးဖို့တော့ လိုအပ်ပါတယ်။ 

 

၂။ Seek 

Seek က အချိန်ပိုင်းအလုပ်မက အချိန်ပြည့်အလုပ်နဲ့ အခြားအလုပ်အမျိုးမျိုးရှာနိုင်တဲ့ အလုပ်ရှာဖို့အတွက်သီးသန့် ကွန်ရက်‌နေရာ (Website) တစ်ခုဖြစ်ပါတယ်။


ကျောင်းသားများအတွက် အချိန်ပိုင်း၊ အချိန်တိုအလုပ်တွေရှာလို့အဆင်ပြေတဲ့ကွန်ရက်‌နေရာ (Website) ပါ။
 

၄။ TradeMe

TreadeMe က အလုပ်ရှာရုံတင်မက ပစ္စည်းဝယ်တာ၊ ရောင်းတာ၊ အိမ်ငှား၊ ရှာတာ၊ ကားရောင်းတာ၊ ဝယ်တာ၊ အိမ်ရောင်းတာ၊ ဝယ်တာ စတဲ့ အမျိုးအမျိုးရှိတဲ့ အကြီးစားကွန်ရက်‌နေရာ (Website) တစ်မျိုးပါ။ 

အထက်ပါ Seek နဲ့ TradeMe က အလုပ်ခေါ်ဖို့အတွက် ပိုက်ဆံပေးရတာကြောင့် ကုမ္ပဏီအကြီးတွေတင်တာများတယ်၊ အလုပ်တွေလဲ ပိုများပါတယ်။


၅။ Jora
Jora မှာ ကုမ္ပဏီတွေက အခမဲ့ကြော်ငြာတင်လို့ရတဲ့အတွက် ကုမ္ပဏီအသေးကအလုပ်တွေလဲရှာလို့ရပါတယ်။


Backpacker တွေအတွက် အလုပ်မျိူးကတော့ ဧည့်ဝတ်ပြုလုပ်ငန်း (Hospitality)၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး (Farming) အဓိကရှိပြီး အခြားအလုပ်မျိုးလဲရှိတက်ပါတယ်။ 

ဒီမှာအလုပ်ရှာရုံတင်မကဘူး၊ ဘယ်တွေသွားလည်လို့ရလဲ၊ ဘာလုပ်စရာတွေရှိလဲ၊ ဘယ်လိုသွားမလဲ၊ ဘယ်မှာတည်းလို့ရမလဲ၊ စတဲ့ နယူးဇီလန်မှာ သက်သက်သာသာနဲ့ လည်လို့တဲ့အကြောင်းတွေလဲ ရှာနိုင်တာမို့ စိတ်ဝင်စားရင် အခြားအရာတွေလဲ ကြည့်နိုင်ပါတယ်။


Backpacker Job Board လို့ရေးထားပင်မဲ့ အချိန်တိုအလုပ်တွင်မက အချိန်ပိုင်းအလုပ်တွေလဲ ရှာနိုင်ပါတယ်။ ကျမလက်ရှိအချိန်ပြည့်အလုပ်မရှိခင်မှာ ကုမ္ပဏီအသေးတစ်ခုက အချိန်တိုအလုပ်ကို ဒီမှာပဲ ရှာတွေ့ခဲ့တာပါ။ 


၈။ PickNZ

ဒီမှာအများစုကတော့ အချိန်တို၊ ရာသီချိန် စိုက်ပျိုးရေးနှင့်မွေးမြူရေးနှင့် သက်ဆိုင်ရာအလုပ်ဖြစ်ပြီး နွေရာသီမှာ သို့မဟုတ် အလုပ်ပြောင်းတဲ့အချိန်မှာ မတူတဲ့ နယူးဇီလန်က ကျေးလက်ဘဝကို ခဏခံစားကြည့်ချင်ရင်တော့ ဒီမှာစမ်းကြည့်လို့ရပါတယ်။ 


၉။ Seasonal Jobs

ဒီစာရေးမှပဲ ဒီကွန်ရက်‌နေရာ (Website) အသစ်ပြောင်းသွားတာတွေ့တယ်။ အရင်ကအလုပ်ပိုများတယ်၊ အခုပြောင်းပြီးနောက် အလုပ်အသစ်သိပ်မတွေ့မိဘူး။ နောက်ကျရင်တော့ ပိုများလာမလားမပြောတတ်ဘူး။


၁၀။ Sky Kiwi

တရုတ်လိုတတ်ရင်တော့ ဒီမှာလဲ တရုတ်ပိုင်ရှင်ကခေါ်တဲ့အလုပ်တွေ ရှာနိုင်ပါတယ်။


အလုပ်ရှာတဲ့အခါမှာ လိုအပ်တဲ့ အတွေ့အကြုံ မရှိတာ၊ သို့မဟုတ် လိုအပ်တဲ့ အချက်အလက်တွေ မပြည့်စုံတာ စတာတွေရှိရင်လဲ မိတ်ဆက်စာ နဲ့ CV ကို အကောင်းဆုံးရေးပြီး စမ်းလျှောက်ကြည့်ဖို့ တိုက်တွန်းပါတယ်။ အနည်းဆုံးတော့ အခွင့်အရေးတစ်ခု ပိုတိုးနိုင်တာပေါ့။

NZ ကို လာဖို့၊ စာဖတ်ဖို့ကို အများစုက ဘဝနဲ့ ရင်းပြီး လာရမှာကို ကျမနားလည်ပါတယ်။ ဝင်ငွေ မရှိမှာ ခက်ခဲမှာကို စိုးရိမ်ကြတယ်။  ဒါပေမယ့် ဘယ်သူမှ အနာဂတ်ကို ကြိုပြောလို့မရပါဘူး။ စီးပွားရေးကောင်းပင်မဲ့ အလုပ်ရှာမရတဲ့လူတွေ ကျမ ကြုံဘူးသလို၊ စီးပွားရေးမကောင်းလဲ အခွင့်အရေး အများကြီးရတဲ့သူတွေ ရှိတာကလဲ ကျမကိုယ်တွေ့ပါ။  အခွင့်အရေးဆိုတာ ကိုယ်ဘယ်လောက် ကြိုတင်ပြင်ဆင်လဲ၊ ဘယ်လောက် ကြိုးစားအားထုတ်လဲ စသည့် ကိုယ်လုပ်နိုင်တဲ့အပိုင်းအပြင် တစ်ခါတစ်လေ ကံဆိုတာကလဲလိုအပ်ပါတယ်။ ဒါကြောင့် အမြဲတမ်း မိမိရဲ့အကောင်းဆုံးကိုလုပ်ပါ၊ အဆိုးဆုံးကို ပြင်ဆင်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ ကျမ အောကလန် (Auckland) မှာလုပ်ခဲ့တဲ့ အလုပ်အတွေ့အကြုံတစ်ခု နဲ့ မြို့တစ်မြို့ကအတွေ့အကြုံတစ်ခု ကိုလဲ မျှဝေထားပါတယ်။

အခြားစာရေးသူများရေးသားထားတဲ့ နယူးဇီလန်မှာ အလုပ်ရှာရင် အကျိုးရှိမယ့် စာအမျိုးမျိုးကိုအောက်မှာ လက်လှမ်းမှီသလောက် ထည့်ပေးထားပါတယ်။ 

အားလုံးပဲကိုယ်လိုချင်အလုပ်၊ ကိုယ်နဲ့သင့်တော်တဲ့အလုပ်တွေ ရနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

မှ သွန်းသစ်သူ🌼

Comments