[For All] အလုပ်တစ်ခုကိုကျိုးစားလုပ်တာက သူမဘယ်လို အခွင့်အရေးတွေ ဖန်တီးပေးနိုင်သလဲ?
ဟော်တယ်တစ်ခုက စားသောက်ဆိုင်မှာ ရာသီချိန်ရောက်တော့ လူလိုလို့ စားပွဲထိုးလာလုပ်ပေးလို့ရမလားလို့ သူမကို မေးလိုက်ပါတယ်။ သူမမှာ အချိန်ပြည့် လခလဲမဆိုး၊ သက်တောင့်သက်သာလဲရှိတဲ့ ရုံးအလုပ်တစ်ခုရှိပါတယ်။ ဒါပေမယ့် တစ်ဖက်သားကို ကူညီပေးလို့ရပြီး တစ်ဖက်ကလည်း ဝင်ငွေရတဲ့အနေနဲ့ လက်ခံလိုက်ပါတယ်။
သူမက တစ်ခြားနိုင်ငံက နာမည်ရှိတဲ့ကျောင်းမှာ ဘွန့်လွန်ရပြီးထားသူတစ်ဦးဖြစ်ပေမဲ့လည်း စားပွဲထိုးအလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ပါတယ်။ ဘယ်နေရာမှာ ဘာလိုအပ်လဲ ဆိုတာကို ဂရုတစိုက် ကြည့်နေပြီး လိုအပ်သမျှကို အတက်နိုင်ဆုံး ကူညီပေးပါတယ်။
နောက်ပိုင်း လူတွေရှာလို့ရပြီး လူလုံလောက်လာတဲ့အခါမှာ သူမက လုပ်ဖို့ လိုသေးလားဆိုတော့ မန်နေဂျာက ဆက်လုပ်ပေးပါလို့ပြောလိုက်ပါတယ်။
နောက်ကျတော့ အခန်းသန့်ရှင်းအတွက်လည်း လူလိုလာတာနဲ့ အခန်းတွေ၊ သန့်ရှင်းရေးတွေ လုပ်လို့ရမလားလို့ ထပ်မေးတော့ သူမလက်ခံလိုက်ပြီး လိုအပ်သမျှကို အပြည့်အဝထပ်လုပ်ပေးပါတယ်။
သိပ်မကြာတော့ ဧည့်ကြို (reception) အလုပ်ရောလုပ်လို့ရလားလို့ မန်နေဂျာက ထပ်မေးပြန်တယ်။ ဒါကိုလည်း သူမလက်ခံပြီး အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပါတယ်။
ပွင့်လင်းရာသီကုန်ဆုံးတော့ အလုပ်များနည်းလာချိန်မှာ အချိန်ပိုင်းလုပ်တဲ့သူတွေအတွက် အလုပ်ချိန်သိပ်မရှိတော့ပါ။ တစ်ချို့ကလည်း အလုပ်မရှိလို့ တစ်ခြားမှာ ပြောင်းသွားရှာကျရပါတယ်။ ဒါပေမယ့် သူမမှာ တစ်ဖက်က အချိန်ပြည့်အလုပ်ရှိလို့ တခြားအလုပ်လုပ်ဖို့ လိုအပ်တဲ့ သူတွေကို တတ်နိုင်သမျှ အလုပ်အခွင့်အလမ်းပေးလို့ရပါတယ်လို့ မန်နေဂျာကပြောပါတယ်။ မန်နေဂျာက သူမနဲ့တွဲလုပ်တာ ပိုအဆင်ပြေတယ်လို့ သူများတွေက ပြောလို့ပါလို ပြောလိုက်ပါတယ်။
နောက်ဆုံးမှာ မန်နေဂျာက သူ့မှာ အလုပ်ပြောင်းဖို့ စိတ်ကူးရှိကြောင်းပြောပြပြီး သူမကို မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။
----
အလုပ်ရှာရတာခက်လည်း အလုပ်ကိုအကောင်းဆုံးလုပ်ရင် အခွင့်အရေးတွေက မျှော်လင့်မထားတဲ့အချိန်မှာပဲ လာတတ်ပါတယ်လို့ ရည်ရွယ်ပြီး မျှဝေလိုက်ပါတယ်။
🔹သူမလိုမျိုး ကျိုးစားလို့ရလာတဲ့ အတွေ့အကြုံရှိသူတွေရှိရင်လဲအောက်မှာမျှဝေပေးခဲ့ပါလို့။
မှ သွန်းသစ်သူ🌼
Comments
Post a Comment