[In NZ] နယူးဇီလန်သွားတော့မယ်ဆိုရင် ဘယ် SIM ကဒ်ဝယ်သင့်လဲ?

နယူးဇီလန် (NZ) ရောက်တာနဲ့ ဖုန်းသုံးဖို့ SIM ကဒ် ဝယ်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ဖုန်းနံပါတ်ကို ဘဏ်အကောင့်ဖွင့်ဖို့၊ အခွန်နံပါတ် (IRD) ‌လျှောက်ဖို့ အတွက်လည်း လိုအပ်ပါတယ်။

ကုမ္ပဏီတိုင်းမှာ လပေးနည်း (Pay Monthly) နဲ့ ကြိုပေးနည်း (Prepaid) ဆိုပြီးခွဲထားပါတယ်။ အလည်လာတဲ့လူများအတွက် ကြိုပေးနည်းက သင့်တော်ပြီး ရေရှည်နေထိုင်သူများက ၂ မျိုးလုံးကို ရွေးချယ်လို့ရပါတယ်။

လပေးလိုင်းများက ပုံမှန်အားဖြင့် ပိုစျေးများပြီး ကိုယ့်အိမ်မှာ ကုမ္ပဏီ ၁ ခုတည်းက ဘရော့ဘန်း (broadband) တွဲသုံးရင် ပိုသက်သာတဲ့ စျေးရပါတယ်။ ကိုယ်နဲ့ အသိရှိရင် ပိုသက်သာတဲ့ အဖွဲ့သုံးနှုန်း (Group plans) တွေကိုလဲ တွဲလေ့လာလို့ ရပါတယ်။ 

လိုင်းရွေးတဲ့အခါမှာ အဓိက စဥ်းစားရမှာကတော့ မြို့ကြီးတွေမှာ လိုင်းအားလုံး ကောင်းကောင်းအသုံးပြုလို့ရပေမယ့် တချို့ရဲ့ လိုင်းတွေက ကျေးလက်ဒေသတွေမှာ နည်းနည်းသာရှိတတ်ပြီး လူမရှိတဲ့ နေရာတွေမှာ ဘယ်လိုင်းမှ လုံးဝမရှိတာမျိုး ဖြစ်တတ်ပါတယ်။  ‌ဆိုတော့ ကိုယ့်လိုအပ်ချက်ပေါ် မူတည်ပြီး ဘယ် SIM ကုမ္ပဏီက သင့်တော်လဲ ဆိုတာကို ရွေးချယ်နိုင်ပါတယ်။

အခု SIM ကဒ် ဝယ်ပြီးသွားပြီး လိုင်းမကောင်းလို့ ပြောင်းချင်ရင်လည်း စိတ်မပူပါနဲ့။ ဖုန်းလိုင်းများကို အလကား အလွယ်တကူပြောင်းနိုင်ပြီး Data အပိုလည်း လက်ဆောင် ရနိုင်ပါတယ်။ ဖုန်းနံပါတ်ကိုလဲ များသောအားဖြင့် ဆက်သုံးလို့ ရပါတယ်။

NZ မှာရရှိနိုင်တဲ့ အဓိက SIM ကဒ်တွေကတော့ -- 

၁။ Spark (အရင်ခေါ် Telecom) 


Spark က လူအများစုက လိုင်းအကောင်းဆုံးလို့ လက်ခံကြတဲ့လိုင်းပါ။ လိုင်းရတဲ့ နေရာအများဆုံး  ဒါပေမယ့်လဲ စျေးအကြီးဆုံးလို့ ပြောကြပါတယ်။ အဓိကကတော့ လူပြတ်တဲ့နေရာတွေမှာလဲ လိုင်းရတာများပါတယ်။  ပြီးတော့ Spark ရဲ့ ဖုန်းအိမ်လေးတွေမှာလဲ ၁ ရက်ကို 1GB အလကားအသုံးပြုလို့ရပါတယ်။
(Source: 1News)

ကျမကတောင်ကျွန်းရဲ့မြို့သေးမှာနေပြီး တောင်မကြာခဏ သွားတက်ဖြစ်တော့ လုံခြုံမှုအတွက် Spark ကို အသုံးပြုပါတယ်။ ကျမက အပြင်မှာ ဖုန်းအသုံးသိပ်မများတော့ NZ$21.00/28 days Prepaid Value Pack ကိုပဲ သုံးပါတယ်။ တစ်လတစ်ခါ ပိုက်ဆံပုံမှန်ဖြည့်ရင် သုံးမကုန်တဲ့ Data တွေအားလုံးကို  ဆက်သုံးလို့ရတယ်၊ နောက်တစ်လအတွက်ဖြည့်တာနဲ့ ၁ လကို 200 MB၊ နောက် ၁ လဆို 400 MB  စသည်ဖြင့် လက်ဆောင်တိုးပေးပြီး အများဆုံး 3G  အထိ အပိုရနိုင်ပါတယ်။

Spark လပေးစျေးများ (Pay Monthly)

Spark ကြိုပေးစျေးများ (Prepaid)



One NZ ရဲ့ အဓိကအားသာချက်က Spark နည်းပါး လိုင်းကောင်းပြီး MyFlex Prepay Plans ဆိုတဲ့ဟာက ကိုယ်လိုအပ်တဲ့ Data, Mins and TXTs ကို စိတ်တိုင်းကျ ရွှေ့သုံးနိုင်တာပါပဲ။ ဆိုတော့ ကိုယ်မသုံးဖြစ်တဲ့ ဖုန်း Mins နဲ့ TXTs တွေကို အလာဟသမဖြစ်စေပဲ Data ထဲသို့ ပြောင်းသုံးနိုင်တာပါပဲ။ ထို့အပြင် သောကြာနေ့တိုင်းမှာ မတူတဲ့အထူးစျေးအမျိုးမျိုးလဲ ရှိတတ်ပါတယ်။ 
One NZ လပေးစျေးများ (Pay Monthly)

One NZ  ကြိုပေးစျေးများ (Prepaid)

၃။ Skinny (Spark ရဲ့ ကုမ္ပဏီခွဲ)

Skinny က Spark ရဲ့ ကုမ္ပဏီခွဲဖြစ်တာကြောင့် လိုင်းမဆိုးဘူး၊ စျေးကအများကြီးပိုသက်သာပါတယ်NZ$40.00 အထက်လိုင်းအားလုံးက အင်တာနက် အဝသုံးလို့ရပါတယ်။ 5GB မကုန်ခင်မှာ ပိုမြန်ပြီး 5GB ပြည့်သွားရင်တော့ ပိုနှေးသွားတယ်ဆိုပေမယ့်လဲ ဂိမ်းဆော့လို့ရတယ်၊ ဗီဒီရို ကြည့်လို့ရတာကြောင့် နှေးသွားလဲ အသုံးပြုရာမှာ အခက်အခဲသိပ်မရှိဘူးလို့ ပြောကြပါတယ်။

Skinny ၄ ပတ် ကြိုပေးစျေးများ (Prepaid)

Skinny က လပေးနှုန်းမရှိပါဘူး။ ၁ ပတ်၊ ၄ပတ်၊ ၁နှစ် ကြိုပေးစျေးများကို ရွေးချယ်လို့ ရပါတယ်။ ရက်တိုခရီးသွားသူများအတွက်  ပတ်မှာ NZ$20.00 နဲ့ အဝသုံးကတော့  မဆိုးဘူးလို့ပြောလို့ရပါတယ်။

Skinny ၁ ပတ် ကြိုပေးစျေးများ (Prepaid)

၄။ 2degrees

2degrees က ‌စျေးချိုသာတယ်။ သို့သော် မြို့ကြီးတွေမှာတာလိုင်းကောင်းတယ်ဆိုတော့ မြို့ထဲမှာအနေများသူများအတွက်ပဲ အဆင်ပြေပါ့မယ်။


2degrees လပေးစျေးများ (Pay Monthly)

2degrees ၁ လ ကြိုပေးစျေးများ (Prepaid)

ခရီးသွားများအတွက် ၂ ပတ်စာကြိုပေးစျေးရှိတယ်ဆိုတော့ ရက်နည်းနည်းပိုရှည်လာလည်သူများအတွက် ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ 
2degrees ၂ ပတ် ကြိုပေးစျေးများ (Prepaid)


အခုအကုန်လုံးနည်းပါး အင်တာနက်မှာ eSIM ဝယ်လို့ရတာကြောင့် မလာခင်ကတည်းက ကြိုဝယ်လို့ရပါတယ်။ ဒါပေမယ့် ဖုန်းပြောင်းရင် ပြန်သုံးလို့ရမရဆိုတာဖုန်းနဲ့ ကုမ္ပဏီမှာမူတည်ပါတယ်။
 
ကဒ်နဲ့ဝယ်ချင်တယ်ဆိုရင်တော့ Spark နဲ့ One NZ SIM ကဒ်များကို လေယာဥ်ကွင်းတွေမှာ ဝယ်ရလွယ်ပါတယ်။ လေယာဥ်ကွင်းမှာ မဝယ်ဖြစ်ရင်၊ သို့မဟုတ် တစ်ခြားလိုင်းဝယ်ချင်ရင်တော့ ဓာတ်ဆီဆိုင်၊ စျေးဆိုင်ကြီး (supermarket) တွေမှာလဲ ဝယ်လို့ရပါတယ်။

ဒီနေ့တော့ ဒီလောက်ပါပဲ။ ပြုပြင်စရာများ၊ လိုအပ်တာများ၊ ဖြည့်စွက်ပေးလိုတာများ၊ ပိုသက်သာတဲ့နှုန်းများ ရှိပါက အချိန်မရွေး ကျမကို ပြောလို့ရပါတယ်လို့ :)

မှ သွန်းသစ်သူ🌼

Comments