နိုင်ငံအများစုမှာ စိတ်ချစွာ ငွေလွဲလို့ရတဲ့ Wise ကို သိပြီးပြီလား?
Wise ဆိုတာဘာလဲ?
Wise (အရင်အခေါ် TransferWise) ဆိုတာ လန်ဒန်ရှိ စာရင်းဝင်ကုမ္ပဏီ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ငွေကြေးလွှဲပြောင်းမှုများကို လုပ်ဆောင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဇန်န၀ါရီ 2011 တည်ထောင်ခဲ့ပြီး အသုံးပြုသူ သန်းနဲ့ချီရှိတာကြောင့် စိတ်ချယုံကြည်ရတဲ့ ကုမ္ပဏီတစ်ခုပါ။
သုံးဆွဲလို့ရတာတဲ့ နိုင်ငံပေါင်း 160 ကျော်၊ မတူတဲ့ငွေပေါင်း 40 ကျော် ရှိတာကြောင့် နိုင်ငံအများစုမှာ အသုံးပြုလို့ရပြီး မြန်မာတွေအများစုရှိတဲ့ စင်္ကာပူ၊ အမေရိကန်၊ မလေးရှား၊ အင်္ဂလန်၊ ဂျပန်၊ ယူအေအီး၊ ဥရောပ၊ သြဇီ၊ နယူးဇီလန်၊ ကနေဒါ အစရှိတဲ့ နိုင်ငံတွေအားလုံးမှာ လျောက်ပြီးအသုံးပြုလို့ရပါတယ်။
ဝမ်းနည်းစရာတစ်ခုကတော့ အဲ့ဒီအထဲမှာ မြန်မာနိုင်ငံတော့ မပါပါ။ တစ်ချို့နိုင်ငံတွေ (ဥပမာ ထိုင်ဝမ်) က အသုံးပြုလို့ရပေမယ့် Wise ကဒ်လျောက်လို့မရပါ၊ တစ်ချို့က (ဥပမာ ထိုင်း) ကိုငွေလွဲလို့ရတယ်၊ ဒါပေမယ့် ထိုင်းကနေ လွဲလို့မရပါ။ ဆိုတော့ ကိုယ်တည်ရှိရာနိုင်ငံမှာ လျောက်လို့ရမရကို စမ်းလျောက်ကြည့်ပြီး သိနိုင်ပါတယ်။ ငွေလွဲလို့ရမရကို ဒီကိုနှိပ်ပြီး ဘယ်နိုင်ငံကနေဘယ်ကိုလွှဲလို့ ရလဲလို့ စမ်းကြည့်နိုင်ပါတယ်။
Wise ရဲ့အားသာချက်က ဘဏ်တွေထက် ငွေလွဲနှုန်းပိုကောင်းပြီး ငွေလွဲခလည်းနည်းပါတယ်။ မသိတဲ့ လူတွေနဲ့ ငွေလွဲတာထက်စာ စိတ်ချယုံကြည်ရပါတယ်။
ဖုန်းထဲမှာသုံးရတာလွယ်ကူပြီး ကဒ်ပျောက်သွားလို့ရှိရင်လဲ ချက်ချင်းပိတ်လို့ရပါတယ်။ ကျမဆိုရင်တော့ မိဘတွေရဲ့ Apple Pay ထဲမှာထည့်ပေးထားပြီး ခရီးသွားတဲ့အခါ အားလုံးသုံးလို့ရပါတယ်။
အောက်ပါပုံကတော့ စင်္ကာပူ ပိုက်ဆံ 1,000 ကို သြဇီလွဲရင် ရမယ့်နှုန်းကို နှိုင်းယှဥ်ပြချက်ဖြစ်ပါတယ်။
အောက်ပါပုံကတော့ နယူးဇီလန် ငွေ 1,000 ကို ထိုင်းကို လွဲရင် ရမယ့်နှုန်းကို နှိုင်းယှဥ်ပြချက်ဖြစ်ပါတယ်။
သူရဲ့အသုံးပြုပုံက မတူတဲ့ ငွေများအတွက် အကောင့် သီးသန့်စီ ရှိပြီး အများဆုံး မတူတဲ့ငွေ ၉ မျိုး ကိုသုံးလို့ရပါတယ်။ ဆိုတော့ တစ်ခြားနိုင်ငံမသွားခင်၊ သို့မဟုတ် ဘဏ်မဖွင့်ရသေးခင်မှာ Wise ကိုအသုံးပြုပြီး ငွေလွဲခြင်းများ၊ ရောက်ရောက်ခြင်း ပစ္စည်းဝယ်တာ စတာတွေအတွက် အသုံးပြုလို့ရပါတယ်။
ကျမသဘောအကျဆုံးက ငွေလွဲချင်ရင် ချက်ချင်းလွဲဖို့ မလိုပဲ ကိုယ်တည်ရှိရာ နိုင်ငံရဲ့ပိုက်ဆံကို အရင်ထည့်ထားပြီး ကိုယ်ကြိုက်နှစ်သစ်ရာ ငွေလွဲနှုန်း ရောက်မှ Wise ထဲက အခြားနိုင်ငံရဲ့ ပိုက်ဆံအကောင့်ဆီကို အလိုအလျောက်လွဲလို့ရတာပါ (Auto Conversions)။ ထိုင်ဝမ်လိုမျိုး ကန့်သက်မှုရှိတဲ့နိုင်ငံတွေကတော့ ဘဏ်ထဲကိုတော့ ငွေလွဲလို့ရတယ်၊ ဒါပေမယ့် ထိုနိုင်ငံရဲ့ပိုက်ဆံအထဲမှာ မရှိရင် ဒီနည်းကို အသုံးပြုလို့မရပါ။ အမေရိကန်ဒေါ်လာကိုတော့ အစားသုံးလွှဲလို့ရပါတယ်။
Wise က ငွေလွဲရုံတင်မက ရှိငွေသုံးကဒ် (Debit Card) လို့ခေါ်တဲ့ ကိုယ့်
ဘဏ်အကောင့်ရှိငွေကို ဗီဇာကဒ် (Visa Card) သုံးလို့ရတဲ့ နေရာတိုင်းမှာ သုံးလို့ရတာကြောင့် ခရီးသွားတဲ့အခါ၊ အွန်လိုင်းက အခြားနိုင်ငံကို ပစ္စည်းဝယ်တဲ့အခါ သုံးရတာ အဆင်ပြေပါတယ်။ ထိုင်ဝမ်လိုမျိုး ကန့်သက်မှုရှိတဲ့နိုင်ငံတွေမှာလဲ သုံးလို့ရပါတယ်။
ထို့ကြောင့် ငွေလွဲချင်တာ၊ ခရီးသွားဖို့ အစီအစဥ်ရှိတဲ့အခါ ကိုယ်ကြိုက်တဲ့နှုန်းနဲ့ ပိုက်ဆံလဲလို့ရပါတယ်။ အလျင်လိုတာတို့ ကိုယ်ကြိုလဲထားတဲ့ ပိုက်ဆံကုန်သွားတာတို့ကိုလည်း စိတ်မပူပါနဲ့။ ပိုက်ဆံရှိသေးတဲ့ Wise ကအခြားပိုက်ဆံအကောင့်က ပိုက်ဆံတွေကို လက်ရှိငွေလွဲနှုန်းနဲ့ ချက်ချင်းအသုံးပြုလို့ရပါတယ်။
ထို့အပြင် ဘဏ်ကဒ်တွဲသုံး တာထက်စာရင် အခြားအဖိုးအခ (Handling Fees) မရှိပါ။ သို့သော် အသုံးပြုတဲ့ဆိုင်က ဗီဇာကဒ် သုံးရင် အပိုကြေး (Surcharge) ပေးရမယ်ဆိုရင်တော့ ပေးရပါလိမ့်မယ်။
နောက်တစ်ခုသတိထားရမှာကတော့ အပြင်က ပိုက်ဆံရှိရာဘဏ်မှ Wise ထဲကို ငွေလွဲတဲ့ အခါမှာ နာရီအနည်းငယ်ဆောင့်ရတာကြောင့် ပိုက်ဆံကိုတော့ ကြိုဖြည့်ထားဖို့ လိုပါတယ်။
Wise အညွှန်း (Referral)
ဒီနေရာကိုနှိပ်ပြီး Wise အကောင့် ကိုလျှောက်ရင်တော့ လျှောက်တဲ့သူက အခမဲ့နိုင်ငံတကာငွေလွှဲခ (ငွေလွှဲပမာဏ NZ$ 900) သို့မဟုတ် အခမဲ့ Wise ကဒ်တစ်ခုရမှာဖြစ်ပြီး ကျမအတွက်လဲ အညွှန်းကြေးအနည်းငယ်ရမှာဖြစ်ပါတယ် :)
အညွှန်းမထည့်လည်း ဒီတိုင်းလျောက်လို့ရပါတယ်။
ဒီနေ့တော့ ဒီလောက်ပါပဲ။ ဖြည့်စွက်ပေးလိုတာများ ရှိပါက အချိန်မရွေး ကျမကို ပြောလို့ရပါတယ် :)
မှ သွန်းသစ်သူ🌼
Comments
Post a Comment