✈️ အခြားနိုင်ငံသို့ ရေရှည်အခြေချမနေထိုင်မှီ သိထားသင့်သော ကြိုတင်ပြင်ဆင်မှုစာရင်း 📄

အခြားနိုင်ငံမှာ ဘဝသစ်တစ်ခု စတင်ဖို့ ဆုံးဖြတ်ခြင်းဟာ ကြီးမားတဲ့ကိစ္စပါ။ အထုပ်ပိုးမစခင် အောက်ပါအချက်တွေကို ကြိုတင်ပြင်ဆင်နိုင်ရင် ငွေအများကြီးနဲ့ အခက်အခဲများကို သက်သာစေပါလိမ့်မယ်။ အိမ်မှာ အလွယ်တကူနဲ့ ဈေးသက်သာစွာ လုပ်နိုင်တဲ့ ကိစ္စတွေဟာ နိုင်ငံခြားရောက်ရင် ဈေးကြီးပြီး ရှုပ်ထွေးတတ်ပါတယ်၊ ဘာသာစကား ကွာဟမှုကြောင့်လည်း ထိရောက်မှုနည်းနိုင်ပါတယ်။

အောက်ပါအချိန်ဇယားကို မြန်မာနိုင်ငံမှဖြစ်စေ၊ အခြားနိုင်ငံမှဖြစ်စေ၊ ကမ္ဘာ့နေရာအနှံ့သို့ ပြောင်းရွှေ့သူများအတွက် အသုံးဝင်နိုင်ရန် မျှော်လင့်ပြီး ရေးသားထားပါတယ်။


⏳ ပထမအဆင့်- မထွက်ခွာမီ ၃-၆ လ (အရေးအကြီးဆုံး၊ အချိန်မမီမှာကို ရှောင်ရှားပါ)

ဒီအဆင့်တွေကို အစောဆုံးကြိုတင်ပြင်ဆင်ပါ။ 

  • 🛂 အထောက်အထားနှင့် ဝင်ခွင့်အရည်အချင်း

    • နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းစစ်ဆေးခြင်း

      • ဝင်ရောက်ခွင့်ရရန် အနည်းဆုံး ၆ လ သက်တမ်းကျန်ရှိရန် လိုအပ်ပါသည်။

      • ရေရှည်နေထိုင်ရန် စီစဉ်ပါက၊ ဗီဇာ၊ အလုပ် သို့မဟုတ် အဝင်/အထွက်ကို မထိခိုက်စေရန် ၆ လ ကျန်နေသေးသော်လည်း ကြိုတင်သက်တမ်းတိုးရန် စဉ်းစားပါ။

    • ဗီဇာ စည်းကမ်းချက်များကို အသေးစိတ်စစ်ဆေးခြင်း

      • သက်တမ်းအပြင်၊ အောက်ပါတို့ကိုပါ သေချာစစ်ဆေးပါ-

        • အလုပ်အမျိုးအစား သို့မဟုတ် အလုပ်ချိန် ကန့်သတ်ထားခြင်း ရှိ၊ မရှိ

        • ပြည်တွင်းတွင် ဗီဇာအမျိုးအစား ပြောင်းလဲခွင့် ရှိ၊ မရှိ

        • နိုင်ငံမှ ထွက်ခွာသည်နှင့် ဗီဇာပျက်ပြယ်ခြင်း ရှိ၊ မရှိ

        • ရောက်ရှိပြီးနောက် သတ်မှတ်ကာလအတွင်း မဖြစ်မနေ လုပ်ဆောင်ရမည့် မှတ်ပုံတင်ခြင်း (နေရပ်လိပ်စာ၊ အခွန်နံပါတ် စသည်) ရှိ၊ မရှိ

  • 💉 ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ အခြေခံ

    • နာတာရှည်ရောဂါ သို့မဟုတ် ရေရှည်ဆေးဝါးသုံးစွဲမှု ကြိုတင်အကဲဖြတ်ခြင်း

    • ကျန်းမာရေးစစ်ဆေးမှုနှင့် ကာကွယ်ဆေးထိုးခြင်း (ကာကွယ်ဆေးအချို့သည် ကြားကာလ လိုအပ်သည်)

  • 💼 အလုပ်နှင့် စာရွက်စာတမ်း ပြင်ဆင်မှု

    • ကိုယ်ရေးရာဇဝင်နှင့် အလုပ်လျှောက်လွှာ များကို ဒေသတွင်းနှင့် ကိုက်ညီအောင် ပြင်ဆင်ခြင်း (ပုံစံ၊ အကြောင်းအရာ၊ ဘာသာစကား)

    • ပညာအရည်အချင်းနှင့် အလုပ်အတွေ့အကြုံ အထောက်အထားများ ကို သက်ဆိုင်ရာ ကျောင်း/အလုပ်မှ လျှောက်ထားပြီး ဘာသာပြန်ခြင်း၊ နိုတြီပြုလုပ်ခြင်း တို့ကို စီစဉ်ပါ။

  • 🚦 ယာဉ်မောင်းလိုင်စင်

    • ယာဉ်မောင်းလိုင်စင် ဖြေဆိုခြင်း / သက်တမ်းတိုးခြင်း၊ နိုင်ငံတကာ ယာဉ်မောင်းလိုင်စင် လျှောက်ထားခြင်း

    • ဘာသာပြန်ခြင်း သို့မဟုတ် နိုထြီ လိုအပ်ခြင်း ရှိ၊ မရှိနှင့် ဒေသခံလိုင်စင် ပြောင်းလဲခွင့် ရှိ၊ မရှိကို စုံစမ်းခြင်း

⏳ ဒုတိယအဆင့်- မထွက်ခွာမီ ၁-၃ လ (ငွေချွေတာရေး အဓိကအဆင့်)

ဤအဆင့်တွင် ကောင်းစွာ ပြင်ဆင်ထားပါက၊ ရောက်ရှိပြီးနောက် ကုန်ကျစရိတ်များစွာ သက်သာစေပါလိမ့်မည်။

  • 🥇 ဈေးကြီးသော ဝန်ဆောင်မှုများကို တစ်ပြိုင်နက် လုပ်ဆောင်ခြင်း

    • 🦷 သွားနှင့်ခံတွင်းစစ်ဆေးခြင်း- သွားကျောက်စား၊ သွားဖာ၊ အံဆုံးနုတ်ခြင်း

    • 👓 အမြင်အာရုံစစ်ဆေးခြင်း- မျက်မှန်အပိုတစ်စုံ သို့မဟုတ် မျက်ကပ်မှန် အလုံအလောက် ပြင်ဆင်ခြင်း။ မျက်စိစစ်ဆေးစာရွက် (Optometry report) ကို ဓာတ်ပုံရိုက်ပြီး သိမ်းဆည်းထားပါ။

    • 💇 ဆံပင်ညှပ်ခြင်း- ကြာရှည်ခံမည့်၊ ပြုပြင်ရလွယ်ကူသည့် ပုံစံညှပ်ထားခြင်း

  • 💊 အသုံးများသော ဆေးဝါးများ

    • အအေးမိ၊ အစာအိမ်၊ ဓာတ်မတည့်မှု ဆေးများ၊ သုံးနေကျတိုင်းရင်းဆေးများ စသည်တို့ကို ပြင်ဆင်ခြင်း။

    • မူရင်းထုပ်ပိုးမှုနှင့် ဆရာဝန်၏ ဆေးညွှန်းကို ထိန်းသိမ်းထားခြင်း

⏳ တတိယအဆင့်- မထွက်ခွာမီ ၂-၄ ပတ် (ရောက်ရှိပြီးနောက် အဆင်ပြေမှုအတွက် အဓိက)

  • 💰 ငွေကြေးနှင့် ငွေသားစီးဆင်းမှု

    • အွန်လိုင်းဘဏ်စနစ် ဖွင့်ထားခြင်း

    • ဘဏ်သို့ နိုင်ငံခြားထွက်ခွာမည့်အကြောင်း အသိပေးပြီး၊ ပြည်ပတွင် ကတ်အသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်များကို ဖယ်ရှားခြင်း

    • အနည်းဆုံး ၃ လကြာ ဝင်ငွေမရှိသည့်တိုင် လုံလောက်မည့် ငွေသား ကို စီစဉ်ခြင်း

  • 📄 စာရွက်စာတမ်း အရန်သိမ်းခြင်း

    • ပတ်စ်ပို့၊ ဗီဇာ၊ လက်မှတ်များ၊ ထောက်ခံစာများ စသည်တို့ကို-

      • စာရွက်မိတ္တူများ

      • ဓာတ်ပုံများ/ဖိုင်များကို အွန်လိုင်း (email, cloud) တွင် အရန်သိမ်းခြင်း

  • 📱 ဆက်သွယ်ရေး ပြင်ဆင်မှု

    • ဒေသခံ SIM ကတ် သို့မဟုတ် eSIM ကို စီစဉ်ပြီး၊ ရောက်သည်နှင့် ချက်ချင်း အင်တာနက် အသုံးပြုနိုင်ရန် သေချာစေခြင်း

⏳ စတုတ္ထအဆင့်- မထွက်ခွာမီ ၁-၂ ပတ် (လက်တွေ့ အသေးစိတ်အဆင့်)

  • 🏠 ပထမဆုံး နေရပ်လိပ်စာ

    • စာပို့ရန် လက်ခံနိုင်မည့် လိပ်စာ (ဆွေမျိုး၊ ရေရှည်အိမ်ငှား သို့မဟုတ် တရားဝင် ကိုယ်စားလှယ်) ကို အတည်ပြုခြင်း

    • လိပ်စာမရှိပါက၊ ဘဏ်၊ ဖုန်း၊ အစိုးရစာရွက်စာတမ်းများ လုပ်ဆောင်၍ မရနိုင်ပါ။

  • 🔌 လူသုံးပစ္စည်းများ

    • သွားရောက်မည့်နိုင်ငံ ပလက်ခေါင်း သို့မဟုတ် နိုင်ငံစုံသုံးပလက်ခေါင်း (Universal Adapter)

    • လျှပ်စစ်ပစ္စည်းများ ဒေသခံဗို့အား (ဥပမာ- ၁၀၀-၂၄၀ ဗို့) ကို လက်ခံနိုင်မှု ရှိ၊ မရှိ စစ်ဆေးခြင်း

  • 🚗 သယ်ယူပို့ဆောင်ရေးနှင့် နေထိုင်မှု လေ့လာမှု

    • ဒေသခံ ယာဉ်စည်းကမ်း (ဥပမာ- ဘယ်မောင်း/ညာမောင်း) များကို လေ့လာပါ။

    • အများသုံး သယ်ယူပို့ဆောင်ရေး ငွေပေးချေမှုနည်းလမ်းများ၊ သယ်ယူပို့ဆောင်ရေးကတ်များ။

  • 💡 ယဉ်ကျေးမှု၊ ဥပဒေ၊ ဘဝနေထိုင်မှုပုံစံကို နားလည်ထားခြင်း

    • သွားမည့်နေရာ၏ အခြေခံဥပဒေများ၊ ဓလေ့ထုံးတမ်းများနှင့် ရှောင်ရန်/ဆောင်ရန်များ ကို ကြိုတင်လေ့လာပါ။

    • ဒေသခံအက်ပ်များ (မြေပုံ၊ စီးနင်းခ၊ အစားအစာပို့ဆောင်ခြင်း၊ တိုက်ခန်းရှာဖွေခြင်း) ကို ဒေါင်းလုဒ်ဆွဲပြီး ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ပါ။

    • ကျန်းမာရေးစောင့်ရှောက်မှုစနစ် (ဆေးဘက်ဆိုင်ရာလုပ်ငန်းစဉ်၊ မိသားစုဆရာဝန်၊ အရေးပေါ်ဆက်သွယ်ရန်နံပါတ်များ) ကို နားလည်ထားပါ။

⏳ ပဉ္စမအဆင့်- အထုပ်ပိုးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု (မထွက်ခွာမီ နောက်ဆုံး ၁ ပတ်)

  • 👚 အဝတ်အစားနှင့် ခရီးဆောင်အိတ်

    • ရာသီဥတုကို အရင်လေ့လာပါ။ အခြေခံအမျိုးအစားများ ကို အဓိကထား၍ ပမာဏများပြားခြင်းကို ရှောင်ပါ။

    • ရာသီဥတုသိပ်မကွာပါက၊ ရှိပြီးသားများကို ယူသွားနိုင်ပြီး ရာသီဥတုကွာဟမှုများပါက ရောက်စဝတ်ရုံသာသယ်ပြီး ပိုမိုသင့်လျော်သော အဝတ်အစားများကို ဒေသတွင်းမှ ဝယ်ယူပါ။ အဝတ်အစား အများကြီး ယူစရာမလိုပါ။

    • အတွင်းခံဝတ်စုံအမျိုးအစား များသည် နိုင်ငံအလိုက် ကွာခြားနိုင်သောကြောင့် ကိုယ်ဝတ်နေကျ အပိုများကို ယူဆောင်သွားနိုင်ပါသည်။

    • ရိုးရာအဝတ်အစုံ သည် အခြားနိုင်ငံတွင် ဝယ်ရခက်ခဲပြီး ယဉ်ကျေးမှုပြသရန် အသုံးဝင်သောကြောင့် နေရာရှိပါက တစ်စုံလောက် သယ်ဆောင်ပါ။

  • 🍜 ဇာတိအရသာနှင့် အကောက်ခွန်စည်းကမ်း

    • ဒေသတွင်းတွင် ဝယ်ယူရန် ခက်ခဲသော အထူးဟင်းခတ်အမွှေးအကြိုင်များ၊ အခြောက်ခံထားသော အစားအစာများ သို့မဟုတ် သရေစာများ ယူသွားပါ။ ၎င်းတို့သည် အစောပိုင်း အထီးကျန်ကာလအတွက် "စိတ်ဝိညာဉ်၏ ဆေး" ဖြစ်ပါတယ်။

    • လေဆိပ် အကောက်ခွန်ဦးစီးဌာန (Customs) ဖြတ်သည့်အခါ မည်သည့်အစားအစာများကို မဖြစ်မနေ တင်ပြ (Declaration) ပါ။

      • တင်ပြရန် ပျက်ကွက်ပါက ပစ္စည်းအပစ်ခံရမည့်အပြင် ဒဏ်ရိုက်ခံရပါမယ်။ တင်ပြပါက သယ်ယူခွင့်မရသည့်တိုင် ပုံမှန်အားဖြင့် အပစ်ခံရရုံသာ ဖြစ်ပါတယ်။

      • နိုင်ငံအများစုက အစို/အစိမ်းရှိသော အသီးအနှံ၊ သား၊ ငါး များ လုံးဝသယ်ခွင့်မရှိပါ။ ဝက်သား နှင့် ပတ်သက်သော အစားအစာများကို အစိုဖြစ်စေ၊ အခြောက်ဖြစ်စေ လုံးဝသယ်ခွင့်မရှိပါ။ မူလဆိုင်မှ ထုပ်ပိုးထားသော အခြောက်ခံပစ္စည်းများ ကိုမူ များသောအားဖြင့် သယ်ယူနိုင်ပါသည်။ သွားမည့်နိုင်ငံ၏ သတ်မှတ်ချက်များကို အရင်စစ်ဆေးပါ။

  • 🧠 စိတ်ပိုင်းဆိုင်ရာနှင့် အထောက်အပံ့စနစ်

    • အစောပိုင်းကာလတွင် ဖြစ်ပေါ်နိုင်သည့်- အထီးကျန်မှု၊ ဘာသာစကား ပင်ပန်းနွမ်းနယ်မှု၊ မိမိကိုယ်ကို သံသယဝင်မှု တို့ကို ကြိုတင်မျှော်မှန်းထားပါ

    • စိတ်ဖိစီးမှုများသောအခါ ဆက်သွယ်နိုင်မည့်သူများ၊ အသိုက်အဝန်း၊ ဘာသာစကားလဲလှယ်မှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အရင်းအမြစ်များ လိုအပ်မလိုအပ် ကြိုတင် စဉ်းစားထားပါ။

✨ နောက်ဆုံး သတိပေးချက်- တစ်ပြိုင်နက်တည်း မဟုတ်ဘဲ၊ တစ်ခုခြင်းစီ မှန်ကန်စွာ လုပ်ဆောင်ပါ

ဒီစာရင်းသည် နိုင်ငံအများစုတွင် ရေရှည်အခြေချသူများအတွက် အသုံးဝင်သော်လည်း "ဒေသအလိုက် ပြောင်းလဲမှု" ကိုလုပ်ပြီး နားလည်သူများအား မေး၍ နှစ်ခါပြန်စစ်ဆေးပါ။

ဥပမာ- ဆေးဘက်ဆိုင်ရာတွင် အဖိုးအခကြီးသော နိုင်ငံမှ ထိုင်ဝမ် သို့ သွားပါက၊ ထိုင်ဝမ်တွင် သွားကုသမှု ခံယူခြင်းသည် ဇာတိနိုင်ငံထက် အများကြီးသက်သာနိုင်ပါသည်။

ပြောင်းရွှေ့နေထိုင်ခြင်း အောင်မြင်ပြီး ဘဝသစ်တွင် ခိုင်မာစွာ ရပ်တည်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 🌱

မှ သွန်းသစ်သူ🌼  

#နိုင်ငံခြားအခြေချခြင်း #ပြည်ပနေထိုင်မှု #ကြိုတင်ပြင်ဆင်မှု #အိမ်ပြောင်းစာရင်း #အချိန်ဇယား #မြန်မာ



Comments