College! College? နယူးဇီလန်က မူလတန်းမှ အထက်တန်းကျောင်းအခေါ်အဝေါ်များ
🎓 လူအများစုက "ကောလိပ် (College) " လို့ကြားရင် တက္ကသိုလ်လို့ ထင်မိမှာပေါ့။ တကယ်တော့ နယူးဇီလန်မှာ ကောလိပ်ကို များသောအားဖြင့် အသက် 13-17 နှစ်ခန့်တွင် တတ်ရတယ့် အထက်တန်းကျောင်းကို ခေါ်တာပါ။ ကျောင်းပြီးသွားရင်တော့ အမျိုးသားပညာရေးအောင်လက်မှတ် (NCEA, National Certificate of Educational Achievement) ဖြေရမှာပါ။ --- 📌 အထက်တန်းကျောင်းကိုလည်း ခေါ်နည်းအမျိုးမျိုးရှိပါတယ်။ > Secondary School - ၉ တန်းမှ ၁၃ တန်း (Year 9 – 13) အထိ ပညာရေးကို ရည်ညွှန်းတဲ့ တရားဝင်အသုံးအများဆုံး အသုံးအနှုန်းပါ။ > College - ကျောင်းအများစုက အထက်တန်းကျောင်းကို College လို့ခေါ်ကျတာများပါတယ်။ ဥပမာ Wellington College > High School - ဒါကတော့ ကျမတို့ ပိုရင်းနီးတဲ့ အခေါ်အဝေါ်ဖြစ်ပြီး ကျောင်းအချို့လဲ High School လို့သုံးပါတယ်။ ဥပမာ Otago Boys' High School 💡 ခေါ်တဲ့ နံမည်မတူကြပေမယ့် အားလုံးက အထက်တန်းပညာရေးကို ဆိုလိုတာပါ။ --- 🏫 ကောလိပ် (College) မှာ ပါဝင်သောအတန်း > ပုံမှန်အားဖြင့် ၉ တန်းမှ ၁၃ တန်း၊ အသက် 13–17 နှစ်ကို ကျောင်းအပ်လို့ရပါတယ်။ > သို့သော် တစ်ချို့ကျောင်းတွေက အလယ်တန်း (Intermediate) ကို ပေါင်းသင်ပေးတာမျိုးလဲရှိလို့ ၇ တန်းမှ ၁၃ တန်း၊ အသက် 11–17 နှစ်ကိုလက်ခံတာမျိုးလဲရှိပါတယ်။ ဒါကြောင့် ကလေးကျောင်းထားမယ့်သူများအတွက် ကျောင်းကိုဆက်သွယ်ပြီး သေချာအောင် မေးကြည့်ဖို့လိုပါလိမ့်မယ်။ --- အောက်မှာတော့ နယူးဇီလန်က မူလတန်းမှ အထက်တန်းကျောင်းအခေါ်အဝေါ်ကိုလဲ မိတ်ဆက်ပေးထားပါတယ်။
| အခေါ်အဝေါ် | အတန်း | အသက် | မှတ်ချက် |
|---|---|---|---|
| Primary School | Year 1–6 | 5–10 နှစ် | မူလတန်း |
| Full Primary School | Year 1–8 | 5–12 နှစ် | မူလတန်း + အလယ်တန်း (Intermediate) |
| Intermediate School | Year 7–8 | 11–12 နှစ် | အလယ်တန်း |
| Secondary School / High School / College | Year 9–13 | 13–17 နှစ် | အထက်တန်း |
| College / Secondary School | Year 7–13 | 11–17 နှစ် | အလယ်တန်း (Intermediate) + အထက်တန်း |
| Area School | Year 1–13 | 5–17 | မူလတန်းမှ အထက်တန်းအထိပါဝင်ပြီး များသောအားဖြင့် ဝေးလန်တဲ့ ဒေသတွေမှာသာ အတွေ့များပါတယ်။ |
Comments
Post a Comment