Reckon
"Reckon" လို့ပြောတာကြားဖူးလား?
အဖြေမကြည့်ခင် “reckon” ဆိုတာ ဘာလဲလို့ထင်လဲ?
"Record" နဲ့ဆင်တယ်လို့ထင်မိတတ်ပေမယ့်...
မထင်မိတဲ့ အဖြေလေးဖြစ်နိုင်ပါတယ်နော်
ခန့်မှန်းကြည့်ပြီး အောက်မှာရေးထားလိုက်ဦး ✍️
"Reckon" ဆိုတာကတော့...
👉 "I think" / "I suppose" "ထင်တယ်" ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတဲ့ နေ့စဥ်အပြောစကားပါ။
ဥပမာဆိုရင်:
"Do you reckon it'll rain tomorrow?"
👉 "Do you think it'll rain?"
အထူးသဖြင့် 🇬🇧အင်္ဂလန်၊ 🇦🇺သြစတြေးလျ၊ 🇳🇿နယူးဇီလန်မှာ သုံးကြတာဖြစ်ပြီးအမေရိကန်မှာတော့ နားမလည်နိုင်တာတွေလည်းဖြစ်တတ်ပါတယ်။
📌 စာအုပ်ထဲမှာ မထည့်ထားတဲ့အပြောစကားလေးဖြစ်ပေမယ့် တော်တော်အသုံးများတဲ့စာလုံးပါ။
👂တစ်ခါတုန်းကကိုယ်ကြားဖူးတဲ့အတွေ့အကြုံလေးကိုမျှဝေဖို့ မမေ့နဲ့နော် 🧠✍️
မှ သွန်းသစ်သူ 🌼
Comments
Post a Comment