GED အောင်လက်မှတ်ရပြီး အမေရိကန်သွားလို့မရရင် ဘယ်မှာကျောင်းတွေ လျှောက်လို့ရသေးလဲ?

အမေရိကန် အထက်တန်းအောင်လက်မှတ် GED (General Educational Development) ကို အမေရိကန်ကလွဲလို့ အခြားနိုင်ငံရဲ့ တက္ကသိုလ်အချို့ကလဲ အထက်တန်းအောင်အဖြစ်လက်ခံပြီး တက္ကသိုလ် ထက်တက်လို့ရပါတယ်လို့ GED တရားဝင်ကွန်ရက်နေရာ (official website) မှာတွေ့လိုက်ပါတယ်။

ဒါပေမယ့် ကျမကိုယ်တိုင်တော့ မလျှောက်ဘူးပါ။ မောင်လေးတစ်ယောက်ကို ကူညီရှာပေးထားတဲ့ အကြောင်းအရာတစ်ချို့ကိုသာ အားလုံးအတွက် အကျိုးရှိအောင် မျှဝေလိုက်တာပါ။ အကယ်၍ပြုပြင်စရာရှိတာ၊ အကြံပြုလိုတာများရှိရင် ကျမကို စာရေးပြောပေးပါ။ အားလုံးအတွက် မှန်ကန်တဲ့ အကြောင်းအရာတွေသိနိုင်အောင် ဒီစာမျက်နှာလေးကိုပဲ သိသမျှ ပြန်အသစ်တင် (update) ပေးပါ့မယ်။

 "University Acceptance" (တက္ကသိုလ်ဝင်ခွင့်) ကိုဒီကိုနှိပ်ပြီးသွားပါ။ အောက်ပါပုံတွင် ကိုယ်သွားချင်တဲ့ မြို့၊ နိုင်ငံ သို့မဟုတ် ကျောင်းနံမည်ကိုထည့်ပြီးရှာလို့ရပါတယ်။

အောက်ပါပုံကတော့ မြန်မာနိုင်ငံကို ဗီဇာပေးလွယ်မဲ့ အရှေ့တောင်အာရှနိုင်ငံများမှ မလေးရှားကိုဥပမာအနေနဲ့ "Malaysia" ထည့်ပြီးရှာတာ ဖြစ်ပါတယ်။ သူက ကိုယ်ရှာတဲ့ မြို့တင်မကဘူး နီးစက်ရာ နိုင်ငံက ကျောင်းတွေပါ တစ်ခါတည်းဖော်ပြတတ်ပါတယ်။ အောက်မှာဆိုရင်တော့ မလေးရှား၊ စင်္ကာပူ၊ ယိုးဒရားက ကျောင်းတွေမှာပါ တွေ့ရမှာပါ။


ကွန်ရက်နေရာ (website) ရဲ့ နောက်ကစာလုံးကိုကြည့်ပြီး ဘယ်နိုင်ငံကကျောင်းလဲဆိုတာ အခြေခံသိနိုင်ပါတယ်။ ဥပမာ https://www.singaporetech.edu.sg/ ဆိုရင် စင်္ကာပူ၊ https://www.tsu.ac.th/ ဆိုရင်ထိုင်း၊ http://www.xmu.edu.myဆိုရင် မလေးရှားဆိုပြီးသိနိုင်ပါတယ်။

တစ်ခြားနိုင်ငံတွေကိုလည်းရှာကြည့်လို့ရပါတယ်။ 

ရှာပြီးရင်တော့ ကိုယ်စိတ်ဝင်စားရာကျောင်းရဲ့ ကွန်ရက်နေရာကို သွားကြည့်ပါ။


ကျမအခု ရှမန်တက္ကသိုလ်မလေးရှားကျောင်းခွဲ (Xiamen University Malaysia Campus) ကို ဥပမာအနေနဲ့ သွားကြည့်တာပါ။ 

ဝင်ခွင့် "admission" ထဲက ဘယ်လိုလျှောက်မလဲ "How to apply" ထဲမှာ အီးမေးလ်လိပ်စာ (email) ကိုရှာတွေ့မှာဖြစ်ပါတယ်။

ကိုယ့်လက်ရှိအခြေအနေ၊ GED အောင်လက်မှတ်၊  အခြားအင်္ဂလိပ်စာ အထောက်အထားများကို ပေးပို့ပြီး လျှောက်လို့ရမရ မေးမြန်းကြည့်ပါ။ 

စာမပို့ခင်မှာ အမေးများသောမေးခွန်းများ (Frequently Asked Questions (FAQ)) ကို အရင်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ 

နားမလည်သော အင်္ဂလိပ်စာများရှိလျှင် Google Translate ကိုနှိပ်ပြီး ဘာသာပြန်နိုင်ပါတယ်။

အင်္ဂလိပ်လို စာရေးစရာရှိရင် ChatGPT ကိုနှိပ်ပြီး အသုံးပြုလို့ရပါတယ်။ ဥပမာ ကျမသူ့ကို လုပ်ခိုင်းလိုက်တာက " Xiamen University Malaysia Campusမှာ မြန်မာနိုင်ငံက GED ကိုင်ထားတဲ့ကျောင်းသားကို လက်ခံလားလို့ စာရေးမေးချင်လို့ပါ။ GED အမှတ်က XXX, IELTSက YYY, စာကို အင်္ဂလိပ်လိုရေးပေးပါ။ ပြီးရင်မြန်မာလိုဘာသာပြန်ပေးပါ"။ 

အောက်ပါပုံကတော့ ChatGPT ကရတဲ့အဖြေဖြစ်ပါတယ်။ ထိုအဖြေကို အခြေခံပြီး ကိုယ်လိုအပ်တာပြန်ပြောင်းမေးနိုင်ပါတယ်။




အကယ်၍ နိုင်ငံခြားထွက်ဖို့ အခက်အခဲရှိရင်တော့ အမေရိကန်က အဝေးသင်တက္ကသိုလ် University of the People  ကို အခမဲ့တတ်လို့ရပါတယ်။ ဝင်ခွင့်ကြေးအနည်းငယ်ပဲလိုတာပါလို့ ကြားသိလို့ရပါတယ်။

ပြုပြင်စရာများ၊ ဖြည့်စွက်ပေးလိုတာများရှိပါက အချိန်မရွေး ပြောလို့ရပါတယ် :)

မှ သွန်းသစ်သူ🌼


Comments