Chur

 "Chur" လို့ပြောတာကြားဖူးလား?

အဖြေမကြည့်ခင် “Chur” ဆိုတာ ဘာလဲလို့ထင်လဲ? ခန့်မှန်းပြီး အောက်မှာရေးထားလိုက်ဦး ✍️

"Chur" ဆိုတာကတော့…

👉 "Thanks!" / "Thank you!" / "Good on you!" (လုပ်တာကောင်းတယ်) ဆိုတဲ့အဓိပ္ပာယ်နဲ့ သုံးတဲ့ နေ့စဥ်အပြောစကားပါ။

ဥပမာဆိုရင်:

"Here’s your coffee."

— "Chur bro!"

👉 အဓိပ္ပာယ်က “Thanks!” ကျေးဇူးတင်တာ ဖြစ်ပါတယ်။

🇳🇿 နယူးဇီလန်မှာ အထူးသဖြင့် မြောက်ကျွန်းက မအိုရီ (Māori) လူမျိုးများနဲ့လူငယ်များသာ အသုံးများပြီး အခြားနိုင်ငံတွေမှာသုံးရင် နားမလည်နိုင်ပါဘူး။

အရင်းအမြစ်ကိုပြောရရင်တော့ "Chur" ဟာ “Cheers” ကနေ အတိုကောက်၊ ပြောင်းလာတာလို့ယူဆကြပါတယ်။

ဒါပေမယ့် Cheers က Thanks (ကျေးဇူးတင်တာ) / Goodbye (နှုတ်ဆက်တာ) / Toast (ဂုဏ်ပြုတာ) စတဲ့အဓိပ္ပာယ်မျိုးစုံအနေနဲ့သုံးပြီး "Chur" က အများဆုံး ပေါ့ပေါ့ကျေးဇူးတင်တာ (casual “Thanks!”) အဓိပ္ပာယ် အတွက်သာ သုံးတတ်ပါတယ်။

👂 ကြားဖူးရင် အတွေ့အကြုံလေးကို ပြန်မျှဝေပေးဖို့ မမေ့နဲ့နော် ☺️

မှ သွန်းသစ်သူ🌼


Comments