ဝင်ရိုးစွန်းအလင်းတန်းဆိုတာဘာလဲ? ဘယ်လိုမြင်နိုင်မလဲ?

မြောက်တံခွန်အလင်းတန်း / ဥတ္တရအလင်းတန်း (Northern Lights / Aurora Borealis) နဲ့ တောင်တံခွန်အလင်းတန်း / ဒက္ခိဏအလင်းတန်း (Southern Lights / Aurora Australis)လို့ ခွဲဆိုလို့ရပြီး ဒါတွေက နေကနေထွက်လာတဲ့ မော်လီကျူးတွေ (solar particles) က ကမ္ဘာ့လေထု (Earth's atmosphere) ကို ထိတဲ့အချိန်မှာ ကမ္ဘာ့သံလိုက်စက်ကွင်း (magnetic field) နဲ့ တုံ့ပြန်မှုကြောင့် ထွက်ပေါ်လာသော အလင်းများဖြစ်ပါတယ်။ 

ဥတ္တရအလင်းတန်းရဲ့ပြင်းထန်မှုကို Kp အညွှန်းကိန်း (KP Value, Kp Index) စနစ်နဲ့တိုင်းတာပြီး 0 မှ 9 အထိရှိပြီး KP 4 လောက်ဆို မျက်စိနဲ့နည်းနည်းလေးစပြီးမြင်နိုင်ပါပြီ။ KP 6 အထက်ဆိုရင်တော့ တော်တော်မြင်လို့ရပါတယ်။

ဒီအလင်းတန်းတွေဟာ နေ့ရောညပါဖြစ်ပေါ်နိုင်ပေမယ့် အလင်းမရှိတဲ့ အချိန်မှာမှ မျက်စိနဲ့မြင်နိုင်မှာပါ။ ဆိုတော့နွေရာသီ ရာသီဥတု ပိုကောင်းတဲ့အချိန်မှာ ပိုမြင်ရတတ်ပါတယ်။ ဆောင်းရာသီမှာတော့ ညတာရှည်လို့ တိမ်မကွယ်ရင်လဲ မြင်နိုင်ချေရှိပါတယ်။ ကြည့်တဲ့အချိန်မှာတော့ မြောက်ဝင်ရိုးစွန်းနဲ့နီးရင်မြောက်ဘက်၊ တောင်ဝင်ရိုးစွန်းနဲ့နီးရင်တောင်ဘက်ကိုမျှော်ကြည့်ပါ

အလွယ်တစ်ကူမြင်တွေ့နိုင်တဲ့ နေရာတွေကတော့ ‌မြောက်ဝင်ရိုးစွန်း (North Pole) နဲ့ တောင်ဝင်ရိုးစွန်း (South Pole) နဲ့ နီးဆက်တဲ့နေရာများ၊ ဥပမာ၊ ‌🇳🇴 နော်ဝေး၊ 🇸🇪 ဆွီဒင်၊ 🇫🇮 ဖင်လန်၊ 🇮🇸 အိုက်စလန်၊ 🇨🇦 ကနေဒါ၊ 🇺🇸 အာလာစကာ (Alaska, USA)၊ 🇷🇺 ရုရှားမြောက်ပိုင်း၊ 🇳🇿 နယူဇီလန်တောင်ပိုင်း၊ 🇦🇺 တက်စ်မေနီးယားကျွန်း၊ 🇦🇶 အန်တာတီကာတိုက် တို့ပဲဖြစ်ပါတယ်။ 

ကိုယ်ရှိတဲ့နေရာမှာ မြင်နိုင်လားမမြင်နိုင်လားသိချင်ရင်တော့ အောက်ပါဖုန်းApps များကို ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။

  • AuroraAlerts
  • My Aurora Forecast & Alerts
  • Aurora Alerts
  • AuroraWatch UK / Aurora Forecast 3D
  • ကိုယ်တည်ရှိရာနိုင်ငံရဲ့ Facebok Aurora အဖွဲ့အစည်းများ
ဒီနေ့တော့ ဒီလောက်ပါပဲ။ ဖြည့်စွက်ပေးလိုတာများ၊ မေးစရာများ ရှိပါက အချိန်မရွေး ကျမကို ပြောလို့ရပါတယ်လို့ :)

မှ သွန်းသစ်သူ🌼




Comments