ခိရာအိုရာ (Kia Ora) နှင့် မောင်ရီ (Māori) များအကြောင်းအနည်းအကျဥ်း
နယူးဇီလန်ကိုစရောက်လာတဲ့အချိန်မှာ အရင်ဆုံး တွေ့မြင် ကြားရမဲ့စကားလုံးတစ်ခွန်းကတော့ “Kia Ora” (ခိရာအိုရာ) ပါ။
ဒါဟာ မောင်ရီ (Māori) ဘာသာဖြစ်ပြီး “မင်္ဂလာပါ”၊ “ကျန်းမာပါစေ” ဆိုတဲ့အဓိပ္ပါယ်ရှိပါတယ်။
Māori ကို သူတို့လူမျိုးတွေက "မောင်ရီ"လို့ အသံထွက်ကြပြီး ဒီနိုင်ငံဖွား အနောက်တိုင်းလူမျိုးတွေက "မယ်ရီ"လို့ အသံထွက်ကြတာများပါတယ်။
မအိုရီလူမျိုးတွေက ရခုလက်ရှိ နယူးဇီလန်နိုင်ငံရဲ့ တစ်ခုတည်းသော တိုင်းရင်းသားလူမျိုးဖြစ်ပြီး စုစုပေါင်းလူဦးရေရဲ့ 16.5% ရှိပါတယ်။
ဒီလူမျိုးတွေဟာ ရဲရင့်တယ်လို့ နံမည်ကြီးကြပြီး ဟာကာ (Haka) လို့ခေါ်တဲ့ စစ်အက ကတော့ သူတို့ရဲ့ အဓိကအရေးပါတဲ့ ယဥ်ကျေးမှုတစ်ခုပါ။ အခုအချိန်မှာတော့ ဟာကာကို စစ်မြေပြင်မှာမဟုတ်ပဲ အားကစားပွဲတွေမှာ ပြသလေ့ရှိပါတယ်။
မိုခို (Moko, Ta moko) လို့ ခေါ်တဲ့ မျက်နှာပေါ်နှင့် ခန္ဓာကိုယ် ပေါ်မှာထိုးတဲ့ ဆေးမင်ကြောင်ကတော့ မိသားစုဘောင်၊ လူမှုအဆင့်အတန်းနဲ့ သမိုင်းနောက်ခံကို ပြောပြပေးနေတဲ့ ပန်းချီကားတွေပေါ့။
ဒီနေ့တော့ ဒီလောက်ပါပဲ။ ပြုပြင်စရာများ၊ လိုအပ်တာများ၊ ဖြည့်စွက်ပေးလိုတာများရှိရင် အောက်မှာစာရေးပေးပါလို့ :)
မှ သွန်းသစ်သူ🌼

Comments
Post a Comment