ကီဝီ (Kiwi) အဓိပ္ပယ်အမျိုးမျိုး
ကီဝီ (Kiwi) လို့ပြောရင် ပထမဆုံးဘာကိုမြင်ရောင်မိမလဲ? လူအများစုကတော့ ကီဝီသီး🥝ကိုမြင်ရောင်မိမယ်ထင်တယ်။
တကယ်တော့ ကီဝီသီးရဲ့မူလနံမည်က တရုတ်ဇီးဖြူသီး (Chinese gooseberry) ဖြစ်ပြီး တရုတ်ပြည်က အသီးတစ်မျိုးပါ။ ၂၀ ရာစုနှစ်အစကမှ နယူးဇီလန်ကို စတင်သွင်းလာပြီး အမျိုးဆက်ပြီးနောက် အခု လူသိများကြတဲ့ အသီးပုံစံနဲ့ အရသာဖြစ်လာတာပါ။
၁၉၆၀ ဝန်းကျင်မှာမှ နယူးဇီလန်မှတစ်ဆင့် နိုင်ငံတစ်ကာကို ရောင်းချဖို့အတွက် နံမည်အသစ်ပေးဖို့ စဥ်းစားလာတော့ နယူးဇီလန်ရဲ့ အထင်အကြီးဆုံး ကီဝီငှက် (Kiwi Bird) လို ညိုညိုလုံးလုံးလေးမို့လို့ ဒီငှက်ကိုပဲ အဆွဲပြုပြီး ကီဝီသီး (Kiwi Fruit)လို့ နံမည်အသစ်ပေးလိုက်တာပါ။ အခုမှာတော့ နယူးဇီလန်လို့အခြားနိုင်ငံမှာပြောရင် ကီဝီသီးကိုပဲ လူအများစုက မြင်ရောင်မိကြမှာပေါ့။
ကီဝီငှက်ကတော့ ဒီနိုင်ငံရဲ့ ကိုယ်စားပြုငှက်ဖြစ်ပြီး မပျံတက်တဲ့ငှက်တစ်မျိုးပါ။ မတူတဲ့မျိုးနွယ်ပေါင်း ၅ မျိုးရှိပြီး ညမှာပဲ ကျက်စားကြတာကြောင့် အပြင်မှာ တွေ့ရခဲပါတယ်။
Comments
Post a Comment