Skip to main content

Posts

Featured

[For All] အလုပ်တစ်ခုကိုကျိုးစားလုပ်တာက သူမဘယ်လို အခွင့်အရေးတွေ ဖန်တီးပေးနိုင်သလဲ?

ဟော်တယ်တစ်ခုက စားသောက်ဆိုင်မှာ ရာသီချိန်ရောက်တော့ လူလိုလို့ စားပွဲထိုးလာလုပ်ပေးလို့ရမလားလို့ သူမကို မေးလိုက်ပါတယ်။ သူမမှာ အချိန်ပြည့် လခလဲမဆိုး၊ သက်တောင့်သက်သာလဲရှိတဲ့ ရုံးအလုပ်တစ်ခုရှိပါတယ်။ ဒါပေမယ့် တစ်ဖက်သားကို ကူညီပေးလို့ရပြီး တစ်ဖက်ကလည်း ဝင်ငွေရတဲ့အနေနဲ့ လက်ခံလိုက်ပါတယ်။  သူမက တစ်ခြားနိုင်ငံက နာမည်ရှိတဲ့ကျောင်းမှာ ဘွန့်လွန်ရပြီးထားသူတစ်ဦးဖြစ်ပေမဲ့လည်း စားပွဲထိုးအလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ပါတယ်။ ဘယ်နေရာမှာ ဘာလိုအပ်လဲ ဆိုတာကို ဂရုတစိုက် ကြည့်နေပြီး လိုအပ်သမျှကို အတက်နိုင်ဆုံး ကူညီပေးပါတယ်။ နောက်ပိုင်း လူတွေရှာလို့ရပြီး လူလုံလောက်လာတဲ့အခါမှာ သူမက လုပ်ဖို့ လိုသေးလားဆိုတော့ မန်နေဂျာက ဆက်လုပ်ပေးပါလို့ပြောလိုက်ပါတယ်။   နောက်ကျတော့ အခန်းသန့်ရှင်းအတွက်လည်း လူလိုလာတာနဲ့ အခန်းတွေ၊ သန့်ရှင်းရေးတွေ လုပ်လို့ရမလားလို့ ထပ်မေးတော့ သူမလက်ခံလိုက်ပြီး လိုအပ်သမျှကို အပြည့်အဝထပ်လုပ်ပေးပါတယ်။ သိပ်မကြာတော့ ဧည့်ကြို (reception) အလုပ်ရောလုပ်လို့ရလားလို့ မန်နေဂျာက ထပ်မေးပြန်တယ်။  ဒါကိုလည်း သူမလက်ခံပြီး အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပါတယ်။  ပွင့်လင်းရာသီကုန်ဆုံးတော့ အလုပ်များနည်း...

Latest Posts

[In NZ] Kia Ora & Māori မအိုရီများအကြောင်းအနည်းအကျဥ်း

[For All] မိတ်ဆက်စာ (Cover Letter) နဲ့ ကိုယ်ရေးမှတ်တမ်းအကျဥ်း (CV သို့မဟုတ် Resumé) ကို ဘယ်လိုရေးမလဲ?

[For NZ] နယူးဇီလန်မှာ ဘယ်လိုဘဏ်၊ ဘယ်လိုအကောင့်ကို ရွေးချယ်မလဲ? ဘာတွေလိုမလဲ?

[In NZ] နယူးဇီလန်သွားတော့မယ်ဆိုရင် ဘယ် SIM ကဒ်ဝယ်သင့်လဲ?